Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ IOM အဖွဲ့တို့နှင့်အတူ (၃-၄-၂၀၂၀) ရက်နေ့ (၀၆:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ စောင့်ကြည့်လူနာများ၊ စေတနာ့ဝန်ထမ်းများ၊ အတွက် Mask, Hand gel, ဆပ်ပြာ၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်၊ လက်အိတ်၊ အသိပညာပေး ဗီနိုင်းပိုစတာများကို ပခုက္ကူမြို့နယ်၊ ချိုက်၊ စညောင်း၊ ဒဲ့ပြား၊ ရှေ့ကပျို၊ ဂဝန်လေးတိုင်၊ မြစ်ဖျား၊ မိကျောင်းတွင်း၊ တောင်ပါးလူ ကျေးရွာများအတွက် (၃၁)မိုင် ဇရပ်တွင်လည်းကောင်း၊ မြစ်ခြေမြို့၊ မြို့ပေါ်(၈)ရပ်ကွက်၊ စဘေ၊ သရက်တော၊ ဆိက္ခဝ၊ မြို့စိုး၊ ညောင်ပင်၊ မြို့ခင်းသာ၊ မြင်းဝင်း၊ ဘဲကြီး၊ ပေါက်တော၊ အိုင်ကြီး၊ ရှားပင်၊ ရှားပင်ကိုင်း၊ ကူကျွန်း၊ လက်ပံကျွန်းကျေးရွာများအတွက် မြစ်ခြေမြို့ခန်းမတွင်လည်းကောင်း၊ ကျပ်ပြည့်တိုက် နယ်ဆေးရုံအတွက် ကျပ်ပြည့်တိုက်နယ်ဆေးရုံတွင်လည်းကောင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကမ္မတိုက်နယ်ဆေးရုံတို့အတွက် ကမ္မမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events