လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကသမျှင်ကျေးရွာတွင် (၀၇:၃၀) နာရီ၌လည်းကောင်း၊ ကသပေါင်းကျေးရွာတွင် (၁၀:၃၀) နာရီ၌ လည်းကောင်း၊ ကွင်းဘုံကြီးကျေးရွာတွင် (၁၃:၄၅)နာရီ၌ လည်းကောင်း Covid- 19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)