လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၀၅:၅၆)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်ဆီးနေအိမ်(၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်ဆီးနေအိမ်(၁)လုံးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၅)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ မီးဘေးသင့်အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၀၀,၀၀ဝ/-)ကျပ်၊လူဦးရေ(၁၅)ဦးအတွက်ဆန်ရိက္ခာ(၇)စားဖိုးထောက်ပံ့ငွေ(၃၁,၅၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၄)အိမ်ထောင်စုစာတို့အား (၃-၄-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_apr2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)