လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး တို့နှင့်ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့မရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်လက်ဆောင်းကုန်းတောင်၊မုန့်လက်ဆောင်းကုန်းမြောက်၊ကျွန်းတောအလယ်၊ကျွန်းတောတောင်၊လင်းလွန်းမြောက်/တောင်၊စမ်းချောင်းမြောက်/တောင်ရပ်ကွက်များတွင် လည်းကောင်း၊ MyanmarNGONetworkမှဒလမြို့နယ် ဗညားဒလရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှစ်ခုအား အဖွဲ့ဝင်(၉)ဦးတို့ဖြင့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ အသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်းအမှုထမ်းများ၊ လူမှုရေးအသင်းဝင်လူငယ်များ၊ ရပ်ကွက်များအတွင်းကြောငြာခြင်း၊ ဖြန်ဝေခြင်း စသည့် ပြည်သူအသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မုဒိတာပရဟိတအသင်းမှ လူငယ်များနှင့်အတူပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#ygn_apr2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)