ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်တွင် (၃-၄-၂၀၂၀)ရက်နေ့၌ မီးလောင်မှုဖြစ်ပွား ခဲ့ရာ နေအိမ်(၃)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ရာ၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၅)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၇၀၀,၀၀ဝ) ကျပ်၊လူဦးရေ(၁၅)ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၁,၅၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၄)အိမ်ထောင်စုစာတို့အား (၃-၄-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)