COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၇:၀၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ၊ အိုင်ပေါင်းချောင်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ ကျီစု ကျေးရွာနှင့် ဇီးကုန်းမြို့မှ ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#sgg_apr2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events