Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု ခနောင်ထော်ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာအုပ်စု ပန်တပွတ် ကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာများသို့ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များအား လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar
#ayy_apr2020

 Source:    မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events