လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ မုက္ခမူကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာ များတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)