COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၀၈:၃၀) အချိန်မှစတင်၍ (၁၅:၃၀) အချိန်ထိ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်း‌ရွာ‌ကျေးရွာ၊ ဇီးတောကျေးရွာ၊ ဆင်စွယ်‌‌ကျေးရွာ၊ အင်တောကျေးရွာ၊လက္ကပြားကျေးရွာ၊ ကပိုင်ကျေးရွာ၊ မောက်လှုပ်ကျေးရွာ၊ အထက် ငါးနန်းကျေးရွာ၊ အောက်ငါးနန်းကျေးရွာ၊ တမာပင်ခွကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် လည်ငေါက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ် စေရန်နှင့်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေး ကွန်ယက်နှင့်အတူ လိုက်လံအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် အသိပညာပေးလက် ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#sgg_apr2020

Sign Up

Upcoming Events