လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်းကျေးရွာအုပ်စု၊ နမ့် မော်လုံကျေးရွာ၌ (၂-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် နမ့်မော်လုံဘုန်းကြီးကျောင်း သွပ်မိုး၊ ပျဉ်ကာ (၂) ထပ် အမိုးလန် ကျောင်းဆောင် (၁) လုံး၊ သံဃာဦးရေ (၈) ပါးတို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-) ကျပ်နှင့် ဆွမ်းရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀၀/-) ကျပ် စုစုပေါင်း (၁၀၆,၈၀၀/-) ကျပ်တို့အား (၃-၄-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_apr2020