Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂-၄-၂၀၂၀)ရက်နေ့ ၊(၁၁:၀၀) နာရီမှ (၁၇:၀၀) နာရီအချိန်ထိ တမူးမြို့ပေါ် ရပ်ကွက်များဖြစ်သော စန္ဒကူးရပ်ကွက်၊ မြို့မရပ်ကွက်၊ ဈေးတန်းရပ်ကွက်နှင့်စော် ဘွားရပ်ကွက်များသို့ Covid-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည်များအား အသံချဲ့ စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ar

#sgg_apr2020

Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events