လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့၊ မြို့လည်လမ်းစုံ၊ ဝမ်ကျောင်းရပ်ကွက်၊ နောင်ဟီးရပ်ကွက်၊ မယ်ဆွမ်တောင်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်များသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။