လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃ – ၄ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်း သို့အ၀င် အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်း၊ ကျိုင်းတုံမြို့ ပေါ်ရပ်ကွက်(၅)နှင့် ယန်းလောကျေးရွာအုပ်စု၊ ယန်းလောစံပြ ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr 2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)