လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီမှ(၁၂:၀)နာရီအထိ မိုးမိတ်မြို့နယ်၊ မိုးဟောက် ကျေးရွာအုပ်စု၊ မိုးဟောက်ကျေးရွာ၊ ဘော်ဒေကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာတို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာ ဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID-19 အပြင် ပူပြင်းသောရာသီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကိုလည်း သတိထားဆောင်ရွက် ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)