COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတို့နှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့၊နံနက်(၉)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ နမ့်လန်းကျေးရွာ၊ ပါဆန်းကျေးရွာ၊ တာမကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပေးဟော ပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_apr2020

Sign Up

Upcoming Events