လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀) နာရီမှစတင်၍ (၁၁:၃၀) အချိန်ထိ ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ညောင်ဇောက်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ရွှေချောင်းကျေးရွာနှင့် ကျောမကြားကျေးရွာများသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု များ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို ရွှေညောင်ရိပ်လူမှု ကူညီရေး အသင်း၊ ရွှေပါရမီလူမှုကူညီရေးအသင်း၊ ရွှေမေတ္တာရှင် လူမှုကူညီရေးအသင်း၊ မေတ္တာရင်ခွင် လူမှုကူညီရေး အသင်းတို့နှင့် ပူပေါင်းကာ လော်စပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020