COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာအုပ်စု (အောက်ကွင်းကျေးရွာ​နှင့်စံပြကျေးရွာ)၊ မှော်ဘီကျေးရွာအုပ်စု (မှော်ဘီ ကျေးရွာ)၊ အောင်သာယာကျေးရွာအုပ်စု(အောင်သာယာ ကျေးရွာ၊အခြာလေးကျေးရွာနှင့် အခြာကြီး ကျေးရွာ)၊ သမိန်ထောသိမ်ကုန်း ကျေးရွာအုပ်စု (သမိန်ထောသိမ်ကုန်း ကျေးရွာ)၊ သမိန်ထောကုန်းတန်း ကျေးရွာအုပ်စု (သမိန်ထောကုန်းတန်းကျေးရွာ) များ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တို့နှင့် အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:    ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#ayy_apr2020

Sign Up

Upcoming Events