COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု စက်ဆန်းကျေးရွာတွင် (၀၈:၃၀) နာရီ၌လည်းကောင်း အောင်ချမ်းသာကျေးရွာ ​တွင် (၁၂:၀၀) နာရီ၌လည်းကောင်း အစိကြီးကျေးရွာတွင် (၁၄:၀၀) နာရီ၌လည်းကောင်း အစိလေးကျေးရွာတွင် (၁၆:၀၀) နာရီ၌လည်းကောင်း Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များ နှိုးဆော်ခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌‌ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:       ဘိုကလေးမြိုနယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_apr2020

Sign Up

Upcoming Events