COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိ သူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ် အတွင်းရှိ နမ့်ဟူးတောင်း (အထက်)ကျေးရွာ၊ နမ့်ဟူတောင်း (အောက်) ကျေးရွာ၊ မန့်နားကျေးရွာ၊ မိုင်းတင်း ကျေးရွာ၊ နမ့်ဆော့ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးခြင်းကို မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် လှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_apr2020

Sign Up

Upcoming Events