လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ(၁၈:၂၀) နာရီအချိန်ထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဧလာမြို့ပေါ်ရပ်ကွက် (၄)ရက်ကွက်များဖြစ်သည့် မြို့သစ်၊ ရွာမ၊ ရွာသစ်၊ စက်ပိုင်းနှင့် ရန်ကင်းရွာ၊ဧလာကျေးရွာအုပ်စု၊ ဇေယျသိန်ကျေးရွာ၊ ရေလည်ကွေ့ကျေးရွာ၊ အင်တောသာကျေးရွာ၊ ဆင်စုကျေးရွာ၊ ရန်ကင်းကျေးရွာ၊ ကုလားကျေးရွာ၊ ဒိုဘီကုန်းကျေးရွာအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)