လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် ဝက်လက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖွဲ့နှင့် အတူ ကျေးသီးကုန်းကျေးရွာ၊ ယင်းတောကျေးရွာ၊ စင်းတဝဲကျေးရွာ စာသင်ကျောင်း များတွင် ထားရှိသည့် စောင့်ကြည့်လူနာများအား လိုက်လံကြည့်ရှု့ခြင်း၊ ရေသန့်ဗူး များဝေငှပေးခြင်းနှင့် ၎င်းကျေးရွာများတွင် covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_apr2020