COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂-၄-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ပခုက္ကူမြို့နယ်၊‌​ဖောင်းကွဲကျေးရွာ၊ ဖောင်ကျောင်းကျေးရွာ၊​ ဇောင်ဂျမ်းကုန်းကျေးရွာ၊ စိုတွင်ကျေးရွာ၊ ဇီးပင်ကန်ကျေးရွာများသို့လည်းကောင်း၊ ည (၇:၀၀) မှ (၁၀:၀၀) နာရီအချိန်ထိ ပခုက္ကူမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး နှိုးဆော် ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:       ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_apr2020

 

 

Sign Up

Upcoming Events