လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၌ (၂၉-၃-၂၀၂၀)ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင်ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၆၃၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့အား (၂-၄-၂၀၂၀)ရက်နေ့(၁၇:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#kcn_apr2020