လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့(၈း၀၀)မှ(၁၁း၀၀)
အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မအူကန်ရပ်ကွက်၊ ဘီးလင်းတန်းရပ်ကွက်၊ မင်းရပ်ရပ်ကွက်၊ မြို့မရပ်ကွက် တို့တွင်လှည့်လည်ကြေငြာခဲ့ပြီး ထိုမှတဆင့်ဆက်လက်၍ (၁၂း၀၀)မှ(၁၄း၃၀)အချိန်ထိ သာယာဝတီမြို့နယ်ဈေးရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ ကရင်စုရပ်ကွက်၊ ရေဝေရပ်ကွက်၊ ရွာကြီးကုန်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့အတွင်း မော်တော်ကားဖြင့်အသံချဲ့စက်၊ လော်စပီကာ၊ handspeaker များဖြင့်Covid-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_apr2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)