COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)တို့နှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ဇလွန်မြို့နယ်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ Facility Quarantine ဖြင့်နေထိုင်ကြသူများအတွက် တစ်မြို့နယ်လျှင် ရေသန့်(၁)လီတာ (၂၀၀)ဘူး၊ ကြက်ဥအလုံး(၅၀၀)၊ ဘီစကစ်(၂၀၀)ထုပ်နှင့် Surgical Mask (၅၀) ခုတို့ကို သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events