Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု ထော်ပိုင်(ရွှေပြည်အေး)ကျေးရွာတွင် (၀၈:၃၀) နာရီ၌ လည်းကောင်း၊ သိုက်စိမ်းချောင်းကျေးရွာ ​တွင် (၀၉:၃၀) နာရီ၌လည်းကောင်း ကုန်းလမ်းပေါက်ကျေးရွာတွင် (၁၁:၀၀) နာရီ၌ လည်းကောင်း ရေးချောင်းကျေးရွာတွင် (၁၂:၃၀) နာရီ၌လည်းကောင်း လျှော်ချောင်းကျေးရွာတွင် (၁၃:၀၀) နာရီ၌လည်းကောင်း ဒမင်းချောင်းကျေးရွာတွင် (၁၄:၃၀) နာရီ၌လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေ ပြည်သူတို့အား အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr2020

Source:    ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events