Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပုန်းတကားကျေးရွာအုပ်စု၊ ပုန်းတကားအရှေ့ရွာ၊ ပုန်းတကားအနောက်ရွာနှင့် ပင်စီကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာ များ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် ပန်ကြားချက်လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#sgg_apr2020

Sign Up

Upcoming Events