Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင်​​မြို့​​ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 )အသိပညာပေးခြင်းကို (၂-၄-၂၀၂၀) ရက်နေ့ (၉:၀၀) မှ (၁၂:၃၀) ထိ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့​l မြို့မစျေး ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)များကို COVID-19 အသိပညာပေးခြင်းကို လှည့်လည်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_apr2020

Source: ​       လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events