လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ (၂-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့၊ စစ်ပင်ရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ မန္တလာရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ ခံတောရပ်ကွက်၊ ညောင်ခြေထောက်ရပ်ကွက်၊ ခဝဲကျင်းကျေးရွာနှင့် ကောရဗျ ကျေးရွာများတွင် Covid-19ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)