လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းပုတ်ကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀ဝ)ကျပ်ကို (၂-၄-၂၀၂၀) ရက်နေ့ နံ့နက်(၉:၀၀)နာရီ အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#shn_apr2020