Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၃.၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒီးမော့ဆိုမြို့နယ်၊ ငွေ တောင်ကျေးရွာအုပ်စု၊ ငွေ တောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာနေ မိဘပြည်သူများအားလည်းကောင်း၊ ဘောလခဲခရိုင်ရုံးမှ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာနှင့် နန်းဖဲစုပေါင်းဂိတ်တွင်လည်းကောင်း COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်မျာကို အသိပညာဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ နံရံကပ်စာစောင်များကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kyh_apr2020

Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events