Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၃.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ဆိုမိုကျေးရွာ နှင့် လွိုင်လင်လေးကျေးရွာအုပ်စု၊ ဒေါတနောကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေ ရေးအတွက် သိရှိလိုက်နာရန်အချက်မျာကို အသိပညာဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ နံရံကပ်စာစောင်များ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kyh_apr2020

Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events