COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁ဝ:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​ ချောင်းဆုံမြို့နယ်၊​ချောင်းဆုံအရှေ့ရပ်ကွက်နှင့် ချောင်းဆုံအနောက် ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့​ပါကြောင်း သတင်းရရှိပါသည်။

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#mon_apr2020

Sign Up

Upcoming Events