Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂) ရပ်ကွက်တွင် (၀၉:၁၅)နာရီအချိန်၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်တွင် (၁၀:၁၀) နာရီအချိန်၌လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် (၁၀:၃၀) နာရီအချိန်၌လည်းကောင်း၊ သဲကုန်းကျေးရွာတွင် (၁၀:၄၅) နာရီ အချိန်၌လည်းကောင်း၊ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာတွင် (၁၁:၁၀)နာရီအချိန်၌လည်းကောင်း၊ သဲကုန်း ကျေးရွာအုပ်စု၊ ကျူတောကျေးရွာတွင် (၁၁:၃၀) နာရီအချိန်၌လည်းကောင်း၊ ဝက်သေကျေးရွာတွင် (၁၁:၅၀) နာရီအချိန်၌ လည်းကောင်း၊ နွယ်ညိုချောင်း ကျေးရွာတွင် (၁၂:၃၀) နာရီအချိန်၌လည်းကောင်း၊ သဲကျင်းကျေးရွာတွင် (၁၃:၃၀) နာရီအချိန်၌ လည်းကောင်း၊ ပိုးလောင်း ကျေးရွာတွင် (၁၅:၀၀) နာရီအချိန်၌လည်းကောင်း ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ရပ်ကွက်/ ကျေးရွာနေ ပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။

#ar

#ayy_apr2020

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events