
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့နယ်၊ ဒယောက်ကူးကျေးရွာ၊ တလင်းကုန်းကျေးရွာ၊ တဟတ်တောကျေးရွာ၊ မရိုးကုန်းကျေးရွာ၊ ထုံးဖိုကျေးရွာနှင့် ကျောက်စရစ်ကုန်းကျေးရွာတို့တွင် ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_apr2020