လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန် အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ အောင်သာ ယာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် ဟံသာဝတီရပ်ကွက်များသို့ သွားရောက်၍ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် များအား လှည့်လည်အသိပေး ကြေငြာခြင်းများနှင့် COVID -19 ရောဂါ အသိပညာပေးလက်ကမ်းစောင်များအား ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_apr2020