လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ညောင်ဇင်ကျေးရွာ၊ သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွကျေးရွာတို့တွင် လော်စပီကာ၊hand speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများ ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသော covid-19 ရောဂါနှင့်ပက်သက်သည့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#tny_apr2020