လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မင်းတပ် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မင်းတပ်မြို့နယ်ရှိ (၆) မိုင်ကျေးရွာတွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် ပန်ကြားချက်များ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#chn_apr2020