လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်ထိ လတ်တစ်လောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုင်းတုံမြို့ပေါ် ရပ်ကွက်(၁)နှင့် ယန်းခမ်း ကျေးရွာအုပ်စု၊ ယန်းခမ်း(အပေါ်)၊ ယန်းခမ်း(အောက်)ကျေးရွာ၊ ယန်းခမ်းစျေးတို့တွင် ရောဂါကူးစက် ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_apr2020