COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၈:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိ ပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ သာဝတ္ထိအုပ်စု၊ အင်းသာကျေးရွာ၊ စက်ရုံစု‌ကျေးရွာ၊ ကြံခင်းကျေးရွာ၊ ရွာ မကျေးရွာ၊ ရွာမကွက်သစ်ကျေးရွာ၊ ရသေ့တောင်ကျေးရွာ၊ စည်ပင်သာကျေးရွာနှင့် ပန်းတင်ကျေးရွာ အတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events