COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ပြည်သူများ အား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်‌‌တောင်ကန်ကျေးရွာအုပ်စု၊ ထုံးဘို၊ သာဂလ၊ သန့်ဇင်လှ၊ သာယာဝှမ်း၊ အောင်ပန်းကျေးရွာနှင့် ဇီးကုန်းကျေးရွာများအတွင်းရှိ ပြည်သူ များသို့ ထိရောက်စွာ လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events