
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာအုပ်စုရှိ ပအိုဝ်စုပိုင်း၊ ကျောင်းပိုင်း၊ လမ်းမပိုင်း၊ သိမ်ကုန်းပိုင်းနှင့် စျေးမသွယ်အောက်ကျေးရွာအုပ်စုရှိ ရွာကြီးပိုင်း၊ ရွာလေးပိုင်း၊ နောင်ရပ်ပိုင်းတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ကပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_mar2020