လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာရှိ အိမ်ခြေ (၂၅၀) လုံးတို့အတွက် သောက်သုံးရေသန့် (၂၀လီတာဆံ) (၂၅၀) ဘူးကို သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#tny_mar2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)