လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ ကဇန်းကျေးရွာ၌ (၂၆-၃-၂၀၂ဝ)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)ပုံး၊ Care Myanmar မှ ပိုက်ဖျာ (၁)ချပ်၊ ဆန်ရိက္ခာ (၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်တို့အား (၃၀-၃-၂၀၂၀)ရက်နေ့ (၁၅၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။