COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့် အဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ပြန်ဆက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာ‌ရေး ၊မြို့နယ်စည်ပင်တို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ(၁၁:၀၀)နာရီ အချိန်အထိ မြို့‌ပေါ်ရပ်ကွက် များဖြစ်သည့် ဟိုနားရပ်ကွက်၊ ဟိုနား (အာခါ) ရပ်ကွက်၊ ဝမ်ပုံရပ်ကွက်နှင့် မြို့မဈေး‌ ရှေ့တို့ကို COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ၊ အာခါ ဘာသာစကားများဖြင့် အသိပေးဟောပြောခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:   မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar

#shn_mar2020

 

Sign Up

Upcoming Events