COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉-၃-၂၀၂၀)ရက် နေ့တွင် (၈:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ရှမ်းမြောင်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ တဇယ်ချောင်ကျေးရွာ၊ ပန်းဆိုင်းကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ ငါးဖျက်ကျေးရွာ၊ မုဋ္ဌော(ရ)ကျေးရွာ၊ မုဋ္ဌော (န) ကျေးရွာ၊ ဒဟ္တတောကျေးရွာ၊ ချိုင်ကျေးရွာ၊ သရက်ပင်ကျေးရွာ၊ ဒင်ပေါက်ကျေးရွာတို့အတွင်း အသံချဲ့စက်ဖြင့် Covid_19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများနှင့်အတူ  အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့်  ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_mar2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events