လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ကနဲကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ ကျောမကြားကျေးရွာ၊ ညောင်ဝန်းကျေးရွာ၊ ကျွန်းဖျားကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကြွယ်ဖိုးကျေးရွာ၊ တောင်ပလ္လင်ကျေးရွာ၊ အနောက်ကုန်းကျေးရွာ၊ တပေါင်းကျေးရွာ၊ ကျော်ရွာကျေးရွာ၊ ကံဇီးဘကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ရသရာကျေးရွာ၊ ဝယာကျေးရွာများအတွင်း လှည့်လည်၍ Covid_19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ရပ်ကျေးစာရေး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_mar2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)