COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး​​ခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မီးသတ်ဦးစီးဌာနနှင့်အတူ (၂၈-၃-၂၀၂၀) ရက်နေ့‌ (၁၉:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ လိပ်ချင်းကျေးရွာတွင် Covid-19 ရောဂါကူး စက် ပျံ့နှံမှုများ မဖြစ် ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိ ပေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source:   ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#sgg_mar2020

Sign Up

Upcoming Events