လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ မြို့နယ်၊ ကျေးရွာအုပ်စု (၆) အုပ်စုရှိ ကျေးရွာ (၃၁) ရွာကိုလည်းကောင်း၊ သာစည်မြို့နယ်မှ (၆) အုပ်စုရှိ ကျေးရွာ (၁၄) ရွာမှ ပြည်သူလူထုများအား COVid-19 နှင့်ပတ်သက်၍ အသိပညာပေးခြင်း များ ကို ကျေးရွာအုပ်ချုပ်ရေးများ၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များနှင့်အတူပူးပေါင်း၍ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mdy_mar2020