လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ ဖန်းခါးကုန်း IDP စခန်းတွင် အိမ်ထောင်စု (၉၇) အတွက် ဆပ်ပြာအတောင့် (၉၇) အားထောက်ပံ့ခြင်း၊ နှစ်-၂၀၀၀(RC) IDP စခန်းတွင် အိမ်ထောင်စု (၂၃၆) အတွက် ဆပ်ပြာအတောင့် (၂၃၆) တောင့်အား ထောက်ပံ့ခြင်း စုစုပေါင်း IDP စခန်း (၂)စခန်း၊ အိမ်ထောင်စု (၃၃၃) စုစာအတွက် ဆပ်ပြာအတောင့် (၃၃၃) တောင့်အား ထောက်ပံ့ခြင်းနှင့် ၎င်းIDP စခန်းများအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ် တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speaker ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#kcn_mar2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)